ငြိမ်းသက်ခြင်း

နေ့စဉ်ဘ၀ဆောက်တည်မှုတွင်စိတ်ရှည်ခြင်းသည် ရွှင်လန်း ၀မ်းမြောက်ခြင်းကိုဖြစ်စေသော မေတ္တာသဘောပြရာခိုင်မာသည့် သက်သေတစ်ခုဖြစ်သည်။

Friday 23 April 2010

23 အဆီစားသုံးမှုနှင့်ကျန်းမာရေး

အဆီစားသုံးမှုနှင့်ကျန်းမာရေး (Fat consumption and Health)



ဒီဆောင်းပါးကို ရေးဖို့ ညီမလေး တာတာ ကနေ တောင်းဆိုတာနဲ့ တဖြည်းဖြည်း အချိန်ယူ အချက် အလက် စုဆောင်း ပြီး ရေးဖြစ်သွား ပါတယ်.. အချို့ စာသား တွေကို အတတ် နိုင်ဆုံး ဘာသာ ပြန် ရေးသား ထားတာ ကြောင့် ကွဲလွဲ မှု ရှိပါက နားလည် ပေးစေ လိုပါတယ်.. အဆီ (Fats) ဟု ဆိုရာ တွင် သီးနှံ ဆီများ (vegetable oil)၊ တိရိစ္ဆာန် အဆီများ (animal fat)၊ နို့နှင့် နို့ထွက် ပစ္စည်း အဆီများ (dairy products) အစရှိ သဖြင့် ပါဝင် ပါတယ်..


ကျွန်တော်တို့ နေ့စဉ် စားသုံးတဲ့ အစာထဲမှာ အဆီဓါတ် (Fat) ဟာ တစ်မျိုး မဟုတ် တစ်မျိုး ပါဝင် ပြီး ခန္ဓာကိုယ် အတွက် အရေးပါ တဲ့ မရှိမဖြစ် ဓါတ် တစ်မျိုး ဖြစ်ပါတယ်... ခန္ဓာကိုယ် ဇီဝ ကမ္မ ဖြစ်စဉ် အသီးသီးမှာ လည်း အရေး ကြီးတဲ့ လုပ်ငန်းတွေ၊ အစိတ် အပိုင်း တည်ဆောက်မှု လုပ်ငန်း တွေမှာ ပါဝင် ပါတယ်...

  • ဦးနှောက်ဆဲလ် နဲ့ အာရုံကြော လုပ်ငန်း တွင်၎င်း၊
  • ဟော်မုန်း နဲ့ ဆဲလ်တွင်း ဇီဝ ဖြစ်စဉ် များတွင်၎င်း၊
  • ဂလင်း နဲ့ ခန္ဓာကိုယ် ခုခံမှု စနစ် လုပ်ငန်း များတွင်၎င်း၊
  • ဟေမို ဂလိုဘင် အောက်ဆီဂျင် သယ်ယူ မှု လုပ်ငန်း တွင်၎င်း၊
  • ခန္ဓာကိုယ် ရှိ ဆဲလ် အသီးသီး ၏ ဆဲလ်နံရံ တည်ဆောက် မှုတွင်၎င်း၊
  • အစာခြေ လမ်းကြောင်း တစ်လျှောက်မှ အစာ အာဟာရ စုပ်ယူ မှု နဲ့ မလိုလား အပ်တဲ့ ဓါတ်ပစ္စည်း များ တားဆီး ရာတွင်၎င်း
မရှိမဖြစ် လိုအပ် တဲ့ဓါတ် ဖြစ် ပါတယ်...

အဆီ ကို ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင် တို့ ပါဝင်တဲ့ မော်လီကျူး ဖက်တီး အက်စစ် (Fatty acid) များနဲ့ ဖွဲ့စည်း ထားပါတယ်.. ပါဝင်တဲ့ ဖက်တီး အက်စစ် များပေါ် မူတည်ပြီး အဓိက အားဖြင့် အဆီကို (၂) မျိုး ခွဲခြား နိုင်ပါတယ်..

  1. ပြည့်ဝအဆဲီ (Saturated Fat)
  2. မပြည့်ဝအဆီ (Unsaturated Fat)
တို့ ဖြစ်ပါတယ်..


ပြည့်ဝဆီ ဆိုသည်မှာ ဓါတု ဖွဲ့စည်း ပုံအရ ၎င်းတွင် ပါဝင်သော ဖက်တီး အက်စစ် များရှိ ကာဗွန် အက်တမ် များတွင် ဧက ဆွဲအား (single bond) များသာ ပါဝင်ပြီး ဒွိဆွဲအား (double bond) မပါဝင် ပေ.. ရုပ်ဂုဏ် သတ္တိ အားဖြင့် ရည်ပျော် မှတ် (high melting point) မြင့် သောကြောင့် အခန်း အပူချိန်တွင် ခဲနေ တတ်ပါတယ်...

ပြည့်ဝဆီ ပါဝင် မှုများ သော အစာများ မှာ မလိုင်၊ ဒိန်ခဲ၊ ထောပတ် ကဲ့သို့ နို့ထွက် ပစ္စည်းများ၊ ၀က်ဆီ၊ အမဲသား အဆီ၊ ဆိတ်သား အဆီ ကဲ့သို့ တိရိစ္ဆာန် အဆီများ၊ အုန်းဆီ၊ ၀ါစေ့ဆီ၊ စားအုန်းဆီ၊ ချောကလက် နဲ့ အခြား အသင့် ပြုပြင် ထားသော အစာများ ဖြစ်ပါတယ်
... ပြည့်ဝ ဆီပါဝင် မှုများ သော အစာများ ကိုစား သုံးမှု များပါက သွေးကြော အတွင်း နံရံ တစ်လျှောက် ကျဉ်းမြောင်း (atherosclerosis) လာတတ် ပြီး နှလုံး သွေးကြော ကျဉ်း ရောဂါ ဖြစ် ပွားမှု မြင့်မား စေပါတယ်..
ဒါ့ကြောင့် အမေရိက ရောဂါ ထိန်းချုပ်ရေး စင်တာ (CDC) မှ ပြည်သူ များအား ပြည့်ဝ ဆီကို နေ့စဉ် စားသုံး သော အာဟာရ ကယ်လိုရီ ဓါတ် ၏ ၇% အောက် သာ စားသုံး သင့်ကြောင်း အကြံ ပြုထုတ် ပြန်ထား ပါတယ်
...

မပြည့်ဝ ဆီ (Unsaturated Fat) ဆိုသည်မှာ ဓါတု ဖွဲ့စည်း ပုံအရ ၎င်းတွင် ပါဝင်သော ဖက်တီး အက်စစ် များရှိ ကာဗွန် အက်တမ် များတွင် ဒွိဆွဲအား (double bond) တစ်ခု ဒါမှမဟုတ် တစ်ခု ထက်ပိုပြီး ပါဝင် ကြပါတယ်... double bond တစ်ခု ပါလျှင် မိုနို မပြည့်ဝဆီ (Monounsaturated Fat) ဟု ခေါ်ပြီး double bond တစ်ခု ထက် ပိုပါက ပေါ်လီ မပြည့်ဝဆီ (Polyunsaturated Fat) ဟု ခေါ်ပါတယ်... ရုပ်ဂုဏ် သတ္တိ အားဖြင့် ရည်ပျော် မှတ် (Low melting point) နိမ့် သောကြောင့် အခန်း အပူ ချိန်တွင် အရည် အဖြစ် ရှိနေ တတ်ပါတယ်...

မိုနို မပြည့်ဝ ဆီ ကြွယ်ဝ သော အစာ များမှာ သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ မုန်ညှင်းဆီ၊ ပြောင်းဖူးဆီ၊ ကောက်နှံ တစ်ခု လုံးပါ ဂျုံ နှံစားပင် အမျိုးမျိုး၊ ထောပတ်သီး၊ သီဟိုစေ့ ဗာဒံစေ့ မြေပဲ စသည်တို့ ဖြစ် ပါတယ်.. ပေါ်လီ မပြည့် ၀ဆီ ကြွယ်ဝ သော အစာ များမှာ ဆာဒင်း တူနာ ဆယ်လ်မွန် ကဲ့သို့ ငါးများ၊ ငါး အဆီ များ၊ သစ်ကြား သီး၊ နေကြာစေ့၊ ပဲပုတ် တို့ဖြစ် ပါတယ်
... ပေါ်လီ မပြည့် ၀ဆီ ကို သင့်တင့် စွာ စားသုံး ပါက နှလုံး ရောဂါ ဖြစ်ပွား မှုနှုန်း ကို လျော့ကျ စေပြီး ဓါတ်မတည့် ယောင်ယမ်း မှု ဖြစ်ပွား စေတတ် ပါတယ်... ပေါ်လီ မပြည့် ၀ဆီ ကို လွန်ကဲ စွာစား သုံးပါက ကင်ဆာ ရောဂါ ရှိသူ များအဖို့ ပျံ့ပွား မှုနှုန်း (Risk of Metastasis in cancer patients) မြင့်မား စေတတ် ကြောင်း သုတေ သန ပြုချက် တစ်ခုမှ အတည် ပြု ပြောဆို ထားပါတယ်... ဒါ့ကြောင့် မိုနို နဲ့ ပေါ်လီ မပြည့် ၀ဆီ များကို သင့်တင့် စွာ စားသုံး ခြင်းဟာ ကျန်းမာရေး အတွက် အထောက် အကူ ဖြစ်စေ ကြောင်း ပြောဆို ထား ပါတယ်..

မပြည့် ၀ဆီ အုပ်စု တွင်ပါဝင် သော အခြား ဆီ တစ်မျိုး မှာ အသွင် ပြောင်းဆီ (Trans Fat) ဖြစ်ပါတယ်... အသွင် ပြောင်းဆီ ဆိုသည် မှာ မိုနို (သို့) ပေါ်လီ မပြည့် ၀ဆီ ကို အပူ ပေးပြီး ဟိုက်ဒရို ဂျင် ဓါတ်ငွေ့ ဖြတ်သန်း စေသော အခါ တစ်စိတ် တစ်ပိုင်း ဟိုက်ဒရို ဂျင်သွင်းခြင်း (Partially Hydrogenation) ဖြင့် အသွင် ပြောင်းဆီ ဖြစ်ပေါ် စေပါတယ်... အခန်း အပူချိန် တွင် ထောပတ် ကဲ့သို့ အနည်း ငယ် ခဲနေ တတ်ပါတယ်...

အသွင် ပြောင်းဆီ ဟာလည်း ကျန်းမာ ရေးကို အထောက် အကူ မပြုပဲ ခန္ဓာကိုယ် ၀စေ တတ်ပြီး နှလုံး သွေးကြော ဆိုင်ရာ ရောဂါ များကို ဖြစ်ပွား စေတတ် ပါတယ်
.. ဒါ့ကြောင့် အသွင် ပြောင်းဆီ ဟာ မပြည့် ၀ဆီ ဖြစ်သော် လည်း စားသုံးရန် မသင့်သော ဆီအမျိုး အစား ဖြစ်ပါတယ်...

အစား အစာ ထုတ်လုပ် သူများ အတွက် အသွင် ပြောင်းဆီ ကို သုံးစွဲ ရခြင်း မှာ အခဲအဖြစ် ထားရှိ နိုင်ပြီး ကြာရှည်စွာ အထား ခံနိုင်ရန် အတွက် ဖြစ် ပါတယ်... မာဂျရင်း (Margarine) ဟာလည်း အသွင် ပြောင်းဆီ နဲ့ ပေါ်လီ မပြည့် ၀ဆီ တို့ ရောနှော ပါဝင် ပါတယ်.. အခု အခါ အနောက် နိုင်ငံ များနဲ့ သြစတြေးလျ တို့တွင် မာဂျရင်း ထုတ်လုပ် သူများ အနေဖြင့် မာဂျရင်း တွင် အသွင် ပြောင်းဆီ အနည်း ဆုံး အနေ အထား နဲ့ လုံးဝ မပါဝင် အောင် ထုတ်လုပ် နေကြ ပြီဖြစ် ပါတယ်... အသင့် စားသုံး နိုင်သော အစာ များရွေး ချယ်ရာ တွင်လည်း အသွင် ပြောင်းဆီ (Trans Fat) ပါဝင် မှုကို ကြည့်ရှု စားသုံး သင့်ပါတယ်...


အကျဉ်းချုပ် ဆိုရ သော် သံလွင် ဆီ၊ ပဲဆီ၊ နှမ်းဆီ၊ မုန်ညှင်းဆီ ကဲ့သို့ မိုနို မပြည့် ၀ဆီ များနဲ့ ငါးအဆီ၊ ပင်လယ် ငါး ကဲ့သို့ ပေါ်လီ မပြည့် ၀ဆီ များကို သင့်တင့် စွာ စားသုံး သင့်ပါတယ်... တိရိစ္ဆာန် အဆီ၊ မလိုင် ထောပတ် ကဲ့သို့ နို့ထွက် ပစ္စည်း များ၊ စားအုန်းဆီ ၀ါစေ့ဆီ ကဲ့သို့ ပြည့်ဝဆီ များ နဲ့ အသွင် ပြောင်းဆီ များကို ရှောင်ရှား သင့်ကြောင်း ရေးသား လိုက်ရ ပါတယ်... ဘေးဘယာ အပေါင်း မှ ကင်းဝေး နိုင်ပါစေ..


No comments:

Post a Comment